ကမ္ဘာပေါ်တွင် ကလေးမွေးအားအကောင်းဆုံးနိုင်ငံ

အမျိုးသမီးများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကထက် ကလေးမွေးအား လျော့လာကြသော်လည်း ကမ္ဘာ့နိုင်ငံများ အနက် ထက်ဝက်ကျော်တွင်မူ လူဦးရေ သည် မြင့်တက်နေဆဲပင်ဖြစ်သည်ဟု လေ့လာချက်တစ်ခုက ဆိုသည်။ ကမ္ဘာ ပေါ်တွင် ကလေးမွေးအားအကောင်းဆုံး နိုင်ငံများနှင့် ကလေးမွေးအား အနည်းဆုံး နိုင်ငံများစာရင်းကို ပညာရှင်များက စနစ် တကျလေ့လာပြုစုခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ကလေးမွေးအား အများ ဆုံးနိုင်ငံမှာ အာဖရိကရှိ အစ္စလာမ်နိုင်ငံ ဖြစ်သည့် နိုင်ဂျာဖြစ်သည်။ ထိုနိုင်ငံတွင်နေထိုင်သည့်အမျိုးသမီးများသည် ပျမ်း မျှအားဖြင့် ကလေး ခုနစ်ဦးစီမွေးကြသည်။ ကလေးမွေးအား အနည်းဆုံးနိုင်ငံမှာ ခရစ်ယာန်နိုင်ငံဖြစ်သည့် ဆိုက်ပရပ်စ် နိုင်ငံဖြစ်ပြီး ယင်းမှအမျိုးသမီးများသည် ပျမ်းမျှအားဖြင့် ကလေးတစ်ဦးသာ ယူ လေ့ရှိကြသည်။ ပျမ်းမျှအားဖြင့် ကလေး နှစ်ဦးပြည့်အောင်ပင် ယူလေ့မရှိသော ကမ္ဘာ့နိုင်ငံပေါင်း ၉၁ နိုင်ငံတွင် […]

Continue Reading

8433519894

ထိုင်းအမျိုးသားတစ်ဦး သန့်စင်ခန်း ဝင်နေစဉ် လိင်တံမြွေပေါက်ခံလိုက်ရ သည်ဟု ဒေးလီးမေးလ်သတင်းတစ်ရပ် က ဆိုသည်။ ဖြစ်ပုံမှာ ဤသို့ဖြစ်သည်။ ဘန်ကောက်ရုံးခန်းရှိ သန့်စင်ခန်းကို ၎င်းသုံးနေစဉ် စပါးအုံးမြွေက တက်လာ ပြီး ၎င်းကို ပေါက်လိုက်တော့ခြင်းဖြစ် သည်။ အသက် ၄၅ နှစ်အရွယ် အမျိုး သားလည်း ငယ်သံပါအောင် အော်လိုက် ပြီး ဆွဲမိဆွဲရာဆွဲလိုက်ရာ မြွေကို မိသွား ပြီး ဆွဲယမ်းပစ်လိုက်တော့သည်။ မြွေ လည်း ကမုတ်ထဲ ပြန်ဝင်သွားကာ ပိုက် ထဲတွင်အောင်းနေပြန်တော့သည်။ အော် သံကြားသဖြင့် ၎င်းထံ လုပ်ဖော်ကိုင်ဖက် များပြေးလာရာ ပေါင်ခြံတွင် သွေးသံရဲ ရဲဖြစ်နေသည့် ၎င်းကိုသာ တွေ့လိုက် ကြရသည်။ ကာယကံရှင်သည် လိင်တံ ထိပ်ကို ၁၅ ချက်ချုပ်လိုက်ရသည်။ တိရစ္ဆာန်ရေးရာကျွမ်းကျင်သူများက […]

Continue Reading

6038636751

@ လေချွန်နေတာတွေ့ တိုင်း အဆင်ပြေနေတယ် မထင်နဲ့ ငရုတ်သီးးစပ်နေတာ လည်းဖြစ်တတ်တယ်… @ ဆန္ဒ နဲ့ ဘဝက သီလရှင် နဲ့ ဆံပင်ဖြောင့်စက်လို ကုံးး ကုံးး နဲ့ ကြာ ရှည် ကြီးဆေးလို ပြဒါးးတစ်လမ်း သံတစ်လမ်းဖြစ်နေတော့ လည်း ကျရာဘဝမှာ လှအောင် က ရတာ ပေါ့…… ( မှတ်ချက် : ကျွန်တော့်နာမည် လှအောင် မဟုတ်ပါ ) @ ဘဝပင်လယ်မှာ မုန်တိုင်းထန်ပြီး အခက်အခဲ ပြသာနာတွေ ကြုံရတဲ့အခါ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ရတာ အားသာချက်ရှိတယ်…ကိုယ်အဆင်မပြေတဲ့ အချိန်မှာ အများစုကလည်း မွဲနေမှာပဲလို့ ဖြေသိမ့်လို့ရတယ်လေ . .ဖာခ့် #ကိုယ်တိုင်ရေးပုံတူ

2149255975

” မီ ” ကို ကျန်းမာရေးဝန်ကြီးဌာနကရော ဆင်ဆာအဖွဲ့ကပါ မကန့်ကွက်ခဲ့တဲ့အပြင် နှစ်သက်ခဲ့ကြပါတယ်။ မီ ကို စာအုပ်ကတည်းကမကြိုက်ခဲ့လို့ ဘာမှမရေးဘူးလို့နေခဲ့ပေမယ့် ကိုယ်ကသတင်းသမားတစ်ယောက်မို့ အမှန်ကိုရေးမှဖြစ်မယ်လို့ ယူဆလို့ ဒီစာကိုရေးပါတယ်။

” မီ ” ကို ကျန်းမာရေးဝန်ကြီးဌာနကရော ဆင်ဆာအဖွဲ့ကပါ မကန့်ကွက်ခဲ့တဲ့အပြင် နှစ်သက်ခဲ့ကြပါတယ်။ မီ ကို စာအုပ်ကတည်းကမကြိုက်ခဲ့လို့ ဘာမှမရေးဘူးလို့နေခဲ့ပေမယ့် ကိုယ်ကသတင်းသမားတစ်ယောက်မို့ အမှန်ကိုရေးမှဖြစ်မယ်လို့ ယူဆလို့ ဒီစာကိုရေးပါတယ်။ လက်ရှိလူအများသိထားကြသလို မီ ကိုကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းကျန်းမာရေးက ကန့်ကွက်ခဲ့တာမရှိခဲ့ပါဘူး။ ဆင်ဆာအဖွဲ့ကလည်း ဆင်ဆာတင်တုန်းက ဖြုတ်ခိုင်းတဲ့ အခန်း ၇ ခန်းကလွဲရင် အားလုံးကိုခွင့်ပြုပေးခဲ့တာပါ။ ဒါကို တိုင်းကျန်းမာရေးဦးစီးရုံးမှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သေသေချာချာကို ထပ်ထပ်ခါခါ ပြောခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထွန်းမြင့်က “ ဝေဖန်နေတဲ့သူတွေကို ပြောချင်တာကတော့ မီ ကိုကိုယ်တိုင်သွားကြည့်ပြီးမှ ပြောပါဆိုတာပါပဲ ” လို့ မီ စာအုပ်ကိုကိုင်ပြီး တိုက်တွန်းခဲ့တာပါ။ ပိုစတာမှာ စတေကာကပ်တာဟာ ဆရာဝန်တစ်ယောက်ကနေ စခဲ့တဲ့ဝေဖန်မှုတွေကြောင့် ထုတ်လုပ်ရေးပိုင်ရှင်က ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် […]

Continue Reading

3523674209

နတ်တလင်းမြို.ရဲ.သတင်းစာရှင်းလင်းပွဲ တွင်တာဝန်ယူမူတာဝန်ခံလုပ်တဲ.သူတွေမပြီးပြတ်ပေမယ့် ပျက်ဆီးဆုံးရူံးသွားသော ကိုအောင်မိုးရဲ.စက်ပစ္စည်း တန်ဘိုးများကိုတော့ စီစဉ်သူများဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ မြို.မိမြို.ဖများရဲ.ရှေ.မှောက်မှာ စာချုပ်စာတန်းများဖြင့်တာဝန်ယူဖြေရှင်းပေးခဲ.သလို ပရိတ်သတ်များရဲ. လက်မှတ်ဖိုးများကိုလဲ ပြန်လဲပေးအပ်မည်ဖြစ်ကြောင်း စီစဉ်ဆောင်ရွက်သူ ကိုဇာနည်အောင်မှာလဲ မြို.လူထု ရှေ့မှောက်တွင်ပြောကြားခဲ.ပါသည် မြို.ပုံရိပ်ကိုကျဆင်းအောင်လုပ်ခဲ.ကြသူများနှင့် စီစဉ်ဆောင်ရွက်သူများကိုတော့ ဘုရားကြီးဂေါပကများ နှင့် နတ်တလင်းမြို.လွတ်တော်ကိုယ်စားလှယ်တော်ကြီး များမှဥပဒေနဲ.ဆက်လက်အရေးယူနိုင်ဘို. ပံ.ပိုကူညီသွား မည်ဖြစ်ကြောင်းပြောကြားခဲ.ပါတယ် မြို.လူထုနဲ.ပရိတ်သတ်များအတွက်ကိုလဲ ထပ်မံပြီး မြို.မိမြို.ဖများ ကိုထင်လင်းသူ ဦးလှဦး စက်ပစ္စည်းပိုင်ရှင်ကိုအောင်မိုး ကျွန်တော်ရှားသူတို.မှလဲ ပရိတ်သတ်ကြီးအား အနုပညာရှင်များဖြင့် အခမဲ. ဖျော်ဖြေပီး ပရိတ်သတ်ကြီးအားကျေးဇူးဆပ်တောင်းပန် နိုင်ဘို.စီစဉ်ဆောင်ရွက်သွားပါမည် နတ်တလင်းမြို.နဲ.အနုပညာရှင်ဆိုတာ မစိမ်းတဲ.မြို.ပါ ကိုင်းကျွန်မှီကျွန်ကိုင်းမှီဖြစ်နေတဲ. မြို.တစ်မြို.ပါ နားလည်ပေးကြသော စက်ပိုင်ရှင်ကိုအောင်မိုး ဆောင် ရွက်ပေးကြပါသော နတ်တလင်းမြို. လွတ်တော်ကိုယ်စား လှယ်များ ရပ်မိရပ်ဖများကိုလည်းကျေးဇူးတင်ပါတယ် နတ်တလင်းမြို.ကြီးသာယာအေးချမ်းပါစေ Shar thu

Continue Reading

လင်က ကိုယ်ဝန်(၂)လထဲကပစ်သွား … ကလေးမွေးလာပြီး သမီး(၈)လအရွယ်မှာ စားဝတ်နေရေးခက်ခဲလို့ မိခင်က ကလေးကိုမွေးစားဖို့ လိုက်ပေးနေရတဲ့ဖြစ်ရပ်

ဒုက္ခရောက်လာသော ရွှေကုက္ကိုလ်အမှတ် ၄ရပ်ကွက်အဖဦးမောင်ထွေး+ဒေါ်ကျင်ဦးတို့၏ မွေးချင်း၉ယောက်အနက် (၈) ယောက်မြောက်သမီးဖြစ်သူ မယွန်းမေ (၁၉)နှစ်အား လင်သားဖြစ်သူ ပဲခူးဇာတိ ဖြိုးဝေ(ခ)အိစံမှကိုယ်ဝန် (၂)လထဲက ပစ်သွားခဲ့ရာ ယ္ခု့သမီးလေး ဆောင်းပြည့်ဦး အသက်(၈)လအရွယ်ရောက်ရှိလာချိန်တွင် စားဝတ်နေရေး အဆင်မပြေ ဖြစ်လာ၍ ကလေးအားမွေးစားလိုက မွေးစားနိုင်ရန် ကော့ကရိတ်မြို့တွင် လိုက်လံပေးနေသည်ကို တွေရှိ၍ ကော့ကရိတ်မြို့ ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ မိခင်ကလေး ရှောက်စောင့်ရေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ လူမှု့ဝန်ထမ်းဦးစီးဌာနနှင့်ချိတ်ဆက်ပြီး ကလေးနှင့်မိခင်ပါ အဆင်ပြေနိုင် ရေးအတွက် ပူပေါင်းဆောင်ရွက်ကူညီကုသိုလ်ယူခဲ့ကြ ထားကြောင်း သိရှိရပါသည်။ သြော် … ဆိုးလိုက်တဲ့ ဘဝတွေ သတင်းဓါတ်ပုံ – Ko Lu Pyo ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ ကော့ကရိတ်မြို့ Zin Moe

Continue Reading

“မီ” ရုပ်ရှင်မှာ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းများနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသု ပြန်ဖြေရှင်း

“မီ” ရုပ်ရှင်မှာ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းများနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသု ပြန်ဖြေရှင်း ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၈။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန်တဦးဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုက “မီ” ရုပ်ရှင်ဇာတ်ကားမှာ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းများအပေါ် ဝေဖန်နေမှုများနဲ့ ပတ်သက်ပြီး ယနေ့၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဆင်ဆာအဖွဲ့ကိုယ်စား ဦးဝင်းငြိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်၊ ဒါရိုက်တာဏကြီးနဲ့ Victoria ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဒေါက်တာနွယ်ဦးတို့က လတ်တလော လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဝေဖန်မှုများနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ကြပါတယ်။ အကယ်ဒမီ ပိုင်ဖြိုးသုအနေနဲ့ ဇာတ်ကားရိုက်ကူးစဉ်မှာ “မီ” ဇာတ်ရုပ် ပီပြင်​ရန်သာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူငယ်တွေ အတုယူမှားစေရန် တမင်ရည်ရွယ်ကာ […]

Continue Reading

ရွာသာကြီးရောက် စွန့်ပစ်ခံစိတ်ရောဂါလူနာ ၁၀၀ ကျော်ကို အပန်းဖြေခရီးပို့မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ စိတ်ကျန်းမာရေးဆေးရုံ (ရွာသာ ကြီး)မှ အနေကြာ/ပိုင်ရှင်မဲ့လူနာ ၁၂၀ ဦး ကို နိုဝင်ဘာလ ၁၅ ရက်၌ ပဲခူးမြို့ရှိ တန်ခိုးကြီးဘုရားနှစ်ဆူနှင့် ရွှေပြည်အေးအပန်းဖြေစခန်းတို့သို့ အလည်အပတ်ခရီးပို့ဆောင် ပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာယဉ်ယဉ်ထွန်းက ပြောကြားသည်။ “စိတ်ရောဂါဝေဒနာရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ခရီးတိုလေးတွေဖြစ်ဖြစ် ပို့ပေးဖို့လိုတယ်။ အဲ့ဒါကြောင့်လည်း အခုလိုအစီအစဉ်လေးတွေ လုပ်ကြတာပါ” ဟု ၎င်းက ဆိုသည်။ အနေကြာ/ပိုင်ရှင်မဲ့လူနာများကို ပြင်ပခရီးစဉ်ပို့ဆောင်မှုမှာ ခြောက်ကြိမ်မြောက်ဖြစ်ပြီး နှစ်စဉ် စေတနာရှင်၊ အလှူရှင်နှင့် ဆေးရုံဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်။ “လူနာတွေ မပျောက်ရှအောင်တော့ အုပ်စုလိုက် ဦးဆောင်တဲ့ ဆရာဝန်၊ သူနာပြုတွေက စောင့်ရှောက်ရတာပေါ့။ တချို့ဆို ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ” ဟု စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး)မှ […]

Continue Reading

ရွှေတောင်ကြားမြေကွက်ကို ဦးအောင်သက်မန်းက ကျပ်သိန်း ၃၆၀၀၀ ဖြင့် အစိုးရထံမှဝယ်ယူရာတွင် ၇၀ % ပေးသွင်းရန်ကျန်ရှိနေ၍ လွှတ်တော်တွင် မေးမြန်း

ရွှေတောင်ကြားမြေကွက်ကို ဦးအောင်သက်မန်းက ကျပ်သိန်း ၃၆၀၀၀ ဖြင့် အစိုးရထံမှဝယ်ယူရာတွင် ၇၀ % ပေးသွင်းရန်ကျန်ရှိနေ၍ လွှတ်တော်တွင် မေးမြန်း —— —— —— —– —– ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်ပိုင်မြေကွက် (၂) ကွက်ရောင်းချမှုအတွက် နိုင်ငံတော်အစိုးရက ရရှိရန်ကျန်ရှိနေသော ငွေကျပ် ၂၈၈၀ ဒသမ ၅ သန်းနှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က မေးမြန်းခဲ့သည်။ အဆိုပါမြေကွက် (၂) ကွက်မှာ ဗဟန်းမြို့နယ် (၂) ရပ်ကွက်၊ ရွှေတောင်ကြားလမ်း၊ အမှတ် (၁၉) ရှိ ဒသမ ၄၃ ဧက ကျယ်ဝန်းသော မြေကွက်နှင့် စမ်းချောင်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၂၉) […]

Darling lily

(717) 324-4970

ရွှေထူး/ဧရာဝတီတိုင်းမ် နိုဝင်ဘာလ ၁၃ ရက် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ် ၈ ရပ်ကွက်၊ မြဂုဏ်ရည်လမ်းနှင့်ဗောဓိပင်လမ်းထောင့်ရှိ နေအိမ်အားဖောက်ထွင်း၍ ရွှေအလေးချိန် ၁ ပိဿာ ၉၀ ကျပ်သားကျော်နှင့် ငွေကျပ် ၂၄ သိန်း ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မြောင်းမြမြို့၊ အမှတ် ၈ ရပ်ကွက်၊ မြဂုဏ်ရည်လမ်းနှင့် ဗောဓိပင်လမ်းထောင့် အိမ်အမှတ် ၁ တွင်နေထိုင်သည့် ကြက်မွေးမြူရေးလုပ်ကိုင်သူ ဦးသန်းဌေးမှာဇနီးးဖြစ်သူဒေါ်သန်းသန်းဆင့်၊ မြေဖြစ်သူ မောင်ဝေယံကောင်း၊ ယာဉ်မောင်းကိုဇေယျာလင်းတို့နှင့်အတူ နိုဝင်ဘာလ ၉ ရက်နေ့က အိမ်စောင့်မထားဘဲ တံခါးပိတ်၍ ရန်ကုန်သို့ဆေးသွားကုခဲ့ကြောင်း၊ ဆေးကုပြီးနောက် ယမန်နေ့က မြောင်းမြမြို့နေအိမ်သို့ ပြန်လာခဲ့ရာ နေအိမ်ရှိ မီးခံသေတ္တာအား ရိုက်ချိုးဖျက်ဆီးကာရွှေထည်နှင့် ငွေများ ဖောက်ထွင်းခိုးယူခံထားရသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ မီးခံသေတ္တာ […]

(713) 503-9734